
VST ECS (Thailand) သည် HPE နှင့်ပူးပေါင်း၍ HPE Pointnext အကြာင်း အရောင်းကိုယ်စားလှယ်များအားမိတ်ဆက်ရန် ညှိနှုိင်းဖလှယ်ပွဲကျင်းပပြ ုလုပ်။
VST ECS (Thailand) သည် HPE နှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်နိုင်ပေးသောဝန်ဆောင်မှုတစ်ခုဖြစ်သည့် HPE Pointext အကြောင်းမျှဝေရန် “HPE Cutting Edge” ဟူသောခေါင်းစဥ်ဖြင့် ညှိနှုိင်းဖလှယ်ပွဲကျင်းပခဲ့သည်။ HPE Pointnext သည် Hybrid IT အားရိုးရှင်းစေပြီး Intelligent Edge ကိုအားကောင်းစေသည့်ဆန်းသစ်သော IT ၀န်ဆောင်မှုအဖွဲ့စည်းဖြစ်သည်။ ခေတ်နှင့်အညီလှုပ်ရှားဆောင်ရွက်နေသည့် နည်းပညာပါတနာဖြစ်သည့်အလျှောက် HPE သည် customer များအတွက် ပြောင်းလွယ်ပြင်လွယ်သည့် cloud နည်းပညာနှင့်အတူ ခေတ်မှီသည့် infrastructure ဖြစ်လာရေး၊ ချိတ်ဆက်ထားသည့် စက်ကိရိယာများ ပိုမိုအဖိုးတန်လာရေး စသည်များအားကူညီပံပိုးလျှက်ရှိပါသည်။ ပွဲအား ဘန်ကောက်မြို့ Swissotel Le Concorde ဟိုတယ် Lotus ခန်းမ ၁ တွင်ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

HPE Pointext နှင့်ပတ်သတ်၍ အသေးစိတ်သိလိုပါက ထိုင်းနိုင်ငံ၏ ဖြန့်ချီရေးကိုယ်စားလှယ်ဖြစ်သော VST ECS (Thailand) အား ဖုန်းနံပါတ် +၆၆ ၂၆၆၁ ၆၆၆၆၊ +၆၆ ၂၂၆၁ ၂၉၀၀ မှတဆင့် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
About VST ECS (Thailand)
VST ECS (Thailand) Company Limited (မူလက The Value System Co.,Ltd) ကို 1988 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ တရုတ်အပါအဝင် အာရှပစိဖိတ်ဒေသရှိ စီးပွားရေးလုပ်ငန်းပေါင်း 35,000 ကျော်ကို ဟောင်ကောင်အခြေစိုက် VST ECS Group ၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအို။
VST ECS (Thailand) Company Limited သည် ၎င်း၏အဓိကစီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် Partner-based Business နှင့် Marketing မှတစ်ဆင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန် အိုင်တီဖြေရှင်းချက်များအား ထိပ်တန်းပံ့ပိုးပေးသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရောင်းချသူ 40 ဖြင့် လည်ပတ်လျက်ရှိသည်။ ECS Value Myanmar Services Co., Ltd ကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ပါသည်။
IT ထုတ်ကုန်များအကြောင်း ပိုမိုသိရှိလိုပါက၊ တရားဝင်ဖြန့်ဖြူးသူ VST ECS (Thailand) သို့ ဆက်သွယ်ပါ။
ဖုန်း- +66 2661 6666, +66 2261 2900 ext. ၁၁၃၃
အီးမေးလ်-
1 နိုဝင်ဘာ 2018